တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာ၊ထိုင်း၊တရုတ်၊ဂျပန် ဘာသာစကားသင်တန်းဆင်းပွဲကျင်းပ

တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ကွန်ပျူတာတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သော အင်္ဂလိပ်စာ၊ထိုင်း၊တရုတ်၊ဂျပန် ဘာသာစကားသင်တန်းဆင်းပွဲကျင်းပ

၂၀၂၀ မတ် ၁၁. ထားဝယ်

အဆိုပါသင်တန်းဆင်းပွဲအား ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) တွင်ကျင်းပရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးဦးကျော်မင်း၊ ကွန်ပျူတာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်အေးသန်း၊ ဘာသာစကားသင်တန်း ဆရာ ဆရာမများနှင့် သင်တန်းသူသင်တန်းသားများ တက်ရောက်ကြပြီး အခမ်းအနားတွင် ဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ သင်တန်းအသီးသီးရှိ သင်တန်းနည်းပြဆရာ ဆရာမများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခြင်း၊ သင်တန်းသားများအား သင်တန်းဆက်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပီး သင်တန်းသားများမှ ဘာသာရပ် အလိုက် ကျေးဇူးတင်စကားများပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ပါသည်။