ကွန်ပျူတာတက္ကသိုလ် ထားဝယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မည့် ဆရာ/ ဆရာမများအနေဖြင့် အဆောင်နေထိုင်ခွင့်အား ဖော်ပြပါ လျှောက်လွှာတွင်ဖြည့်သွင်းပြီး တာဝန်မထမ်းဆောင်မီကြိုတင်၍ admin-staff@ucsdawei.edu.mm သို့ ပြန်လည်ပေးပို့ထားပါရန်နှင့် အခြားသိရှိလိုသည်များစုံစမ်းမေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် စီမံဌာန 09446350190 နယ်မြေဌာန 09671824884
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရုံးသုံးစက်ကိရိယာ၊ စက်ပစ္စည်းနှင့်ရုံးသုံးပရိဘောဂ တင်ဒါခေါ်ယူခြင်း
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ တင်ခေါ်ယူပြီးစီးမှု အခြေအနေ

တနင်္သာရီတိုဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်း ကြီးကြပ်မှုဖြင့် တင်ဒါကော်မတီများဖွဲ့စည်း၍ (၁၈.၁၁.၂၀၂၀) ရက်နေ့တွင် လျှောက်လွှာများ ကို စိစစ်သည့်ပွဲပြုလုပ်ခဲ့ပြီး (၂၄.၁၁.၂၀၂၀) ရက်နေ့တွင် တင်ဒါဖွင့်ပွဲအခမ်းအနားပြုလုပ်၍ ဈေးနှုန်းအဆိုပြုလွှာများဖွင့်ဖောက်ကြေညာခဲ့ ပါသည်။တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်း အဝေးဆုံးဖြတ်ချက်ဖြင့် တင်ဒါအောင်မြင်သူ များစာရင်းကို ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။
Galaxie AI Company Limited. မှ final year နှင့် B.C.Sc, M.C.Sc ဘွဲ့ရကျောင်းသူ ကျောင်းသားများအတွက် Senior level, junior level C# Developer များခေါ်ယူခြင်း

Galaxie AI Company Limited. မှ final year နှင့် B.C.Sc, M.C.Sc ဘွဲ့ရကျောင်းသူ ကျောင်းသားများအတွက် Senior level, junior level C# Developer နေရာများအတွက် အောက်ပါ အတိုင်း အလုပ်ခေါ်ယူလျက်ရှိသဖြင့် စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများ လျောက်ထားနိုင်ပါသည်။
ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) သည် Myanmar Academic Libraries Consortium (MALC) အဖွဲ့ဝင်ဖြစ်၍ ဘာသာရပ်ဆိုင်ရာ E-resources များအားဝင်ရောက်အသုံးပြုနိုင်ကြောင်း အသိပေးကြေငြာခြင်း

ကွန်ပျူတာတက္ကသိုလ် (ထားဝယ်) သည် Myanmar Academic Libraries Consortium (MALC) အဖွဲ့ဝင်ဖြစ်၍ ဘာသာရပ်ဆိုင်ရာ E-resources များဖြစ်သော သုတေသန စာတမ်းများ၊ ဂျာနယ်စာစောင်များ နှင့် စာအုပ်များအား အောက်ဖော်ပြပါ website link များတွင် ဝင်ရောက် ဖတ်ရှုလေ့လာနိုင်ပါသည်။ https://www.apa.org/pubs/covid-19-resources https://royalsociety.org/journals/#listing https://myiopscience.iop.org/signin https://about.muse.jhu.edu/resources/freeresourcescovid19/#covid19resources http://www.annualreviews.org https://journals. sagepub.com/ https://methods.sagepub.com/cases https://methods.sagepub.com/ https://www.cambridge. org/core https://read.dukeupress.edu/journals/pages/Browse_by_Title…
ပညာသင် ထောက်ပံ့ကြေး လျောက်ထားနိုင်ကြောင်း ကြေငြာခြင်း

2019-2020-Prize_20200728_0001Download
Coursera for Campus Program တွင် free online course များကို တက်ရောက်သင်ယူနိုင်ကြောင်း အသိပေးခြင်း
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) မှ ကျောင်းသားကျောင်းသူများ အတွက် ကျောင်းမှ ဖွင့်ထားပေးသော ကိုယ်ပိုင် edu mail များကို သုံးပြီး coursera မှ Free course များကို တက်ရောက်နိုင်ကြပါပြီဖြစ်ပါသည်။ မိမိတက်ရောက်လိုသည့် Course များကို ရွေးချယ်ပြီး July 31 ရက်နေ့ထပ် နောက်မကျပဲ enroll လုပ်နိုင်ပါတယ်။ အောက်ဖော်ပြပါ link မှ တဆင့် မိမိ edu mail များနှင့်…
၂၀၂၀ ရွေးကောက်ပွဲ ဆိုင်ရာ လူငယ်တီထွင်ဆန်းသစ်မှု ဆုံညီပွဲအတွက် လျှောက်လွှာများ ဖိတ်ခေါ်ခြင်း
တက္ကသိုလ် အဆင့် project ပြိုင်ပွဲဝင်ရန် proposal တင်ထားသော အဖွဲ့များ စာရင်း
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)တက္ကသိုလ် အဆင့် ပရောဂျက် ပြိုင်ပွဲဝင်ရန် Proposal တင်ပြထားသော အဖွဲ့များမှာ Math for kids2.Jobnet Tanintharyi3.Rangers' School4.Implementation of library Management Systemများ ဖြစ်ပါသည်။ ဖော်ပြပါ အဖွဲ့များသည် သတ်မှတ်ထားသော အချိန်ကာလအတိုင်း ဆက်လက်ပါဝင် ယှဥ်ပြိုင်ရမှာ ဖြစ်ပါသည်။
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) မှ ACM ICPC Programming Contest University Level (Online) ပြိုင်ပွဲ ကျင်းပခြင်း

ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) မှACM ICPC Programming Contest University Level (Online) ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပြိုင်ပွဲတွင်Winner ဆု နှင့် First Problem solved (Problem B) ဆုကို စတုတ္ထနှစ်(ကွန်ပျူတာနည်းပညာ) မှ မောင်မင်းပြည့်ဟိန်း၊ Problem solved(Problem B) ဆုကို ပဥ္စမနှစ်(ကွန်ပျူတာသိပ္ပံ) မှ မောင်မင်းမောင်းဟိန်း တို့က ရရှိသွားပါသည်။ ပါဝင်ယှဥ်ပြိုင်ကြတဲ့ ကျောင်းသားများကို Participant…